ဘာတွေ self host လုပ်နေလဲ

စကားဦး။ နည်းပညာကျွမ်းကျင်သူမဟုတ်ဘဲ ကိုယ်စိတ်ဝင်စားလို့ ရှာဖွေလေ့လာပြီးလုပ်ထားတာမို့လို့ လိုက်လုပ်မယ်ဆိုရင် အရင်ဆုံးကိုယ်တိုင်ရှာဖွေ့လေ့လာဖို့ အကြံပြုပါတယ်။ ကိုယ် self host လုပ်ဖို့စစေခဲ့တာကတော့ မအလ VPN တွေပိတ်ခဲ့တဲ့အချိန်ကနေစခဲ့တာပါ။ အဲ့နောက်မှာတော့ Mozilla က Pocket ကိုပိတ်လိုက်တာကနေ လိုက်ပြီးတော့၊ အစားထိုးဖို့ရှာရာကနေ Karakeep ကိုတွေ့ပြီး self host လုပ်ဖို့ဆုံးဖြတ်ဖြစ်ခဲ့တာပါ။ ကိုယ့် server ကတော့ အတန်ဆုံး Racknerd plan၊ တစ်နှစ်နေမှ USD 11 ပဲပေးရတဲ့ VPS (1GB Ram + 15GB Storage + one IPv4 address)။ သေသေချာချာလုပ်မယ်ဆိုရင်တော့ ဒီထက်ပိုကောင်းတဲ့ VPS တွေသုံးပါ။ ကိုယ့်အတွက်တော့ တစ်ယောက်ထဲသုံးမှာဆိုတော့ အဆင်ပြေနေသေးတယ်။ Domain အတွက်တော့ z.com ကတော့ တစ်ခုဝယ်ပြီး Cloudflare ကိုရှေ့မှာခံပြီးသုံးပါတယ်။ OS ကတော့ Arch Linux ကိုနေ့စဥ်သုံးနေတာဆိုတော့ ဆာဗာပေါ်မှာလည်း Arch Linux ပဲသုံးလိုက်ပါတယ်။ Software တွေအကုန်ကတော့ container နဲ့ဖြစ်လို့ Rootless Podman ရဲ့ Quadlet သုံးပါတယ်။ ...

2026 အောက်တိုဘာ 25 · WadamT

အရွေ့အပြောင်း

နိုင်ငံတကာ အထူးသဖြင့် အမေရိကန်မှာတော့ ထရမ့်သမ္မတဖြစ်လာပြီးတဲ့နောက် LGBT+ အရေး၊ သတင်းအချက်အလက် မှန်ကန်ကြောင်းစစ်တဲ့ အဖွဲ့တွေပိတ်မှု စတာတွေကြောင့် Meta ပိုင်တဲ့ Facebook, Instagram၊ Elon Musk ရဲ့ Twitter မဟုတ်တဲ့ ဆိုရှယ်မီဒီယာတွေ ရှာသုံးလာကြတယ်။ အများကြီးရှိတဲ့ထဲမှာမှ အမေရိကန်အခြေစိုက် လူနည်းစု သူ​ဌေး​တွေ တွေမပိုင်တာတွေကို အထိကထား ရှာလာကြတယ်။ အခုကျမှ စီးပွားဖြစ် အဖွဲ့အစည်း မဟုတ်တဲ့ w3c ကမကထ ပြုလုပ်ထားတဲ့ ActivityPud သုံး Fediverse software ​တွေကို လူတွေပို သတိထားမိလာကြတယ်။ ကိုယ်တွေ Fediverse ကို စသိတာက Reddit ကြောင့်။ တစ်နှစ်လောက်ပဲရှိသေးတယ်။ အပေါ်က ပြောခဲ့တာတွေက မြန်မာတွေနဲ့ တိုက်ရိုက်မတိုက်ဆိုင်ပေမယ့် Fediverse ကို ပြောင်းသုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အလုပ်လုပ်ပုံကြောင့်။ Fediverse ဆိုတဲ့ စာလုံးက federated universe ဆိုတဲ့အတိုင်း သူ့မှာ ဗဟိုစနစ်မရှိဘူး။ မတူညီတဲ့ ဆာဗာတွေက နောက်မှာ တူညီတဲ့ ဘာသာစကားပြောပြီး ချိတ်ဆက်ထားကြတာ။ မြင်သာအောင်ဆိုရရင် ...

2025 ဇန်နဝါရီ 25 · WadamT